လိုအပ်နေသူတို့ဖေးကူ Retail မိသားစုအလှူ

“လိုအပ်နေသူတို့ဖေးကူ Retail မိသားစုအလှူ” ဆိုတဲ့အတိုင်း Capital Retail, g&g Convenience Store, Wellington Pharmacy နဲ့ Capital လက်ကား မိသားစုများရဲ့ ကုသိုလ်ဒါနလေးကို မြင်တွေ့သူတိုင်း ကြည်နူးဝမ်းမြောက်နိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးပတောကျေးရွာမှာရှိတဲ့ ဝါးပတောဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ရာဟုလာဘုန်းတော်ကြီးကျောင်း) နဲ့ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၃၅ လမ်း၊ ၉၁ လမ်း၊ အမှတ် ၇ ရဲစခန်းအနီးမှာရှိတဲ့ စိန်ပန်းဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှာ ဆန်၊ g&g ကိတ်ခြောက်၊ အသင့်စားခေါက်ဆွဲထုပ်တွေနဲ့ ကလေးတွေအတွက် စာအုပ်တွေကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုအလှူဒါနတွေ ဖြစ်မြောက်လာတာဟာ အမြဲတမ်းအားပေးဝယ်ယူတဲ့ ချစ်ခင်လေးစားရတဲ့ ဈေးဝယ်သူတွေကြောင့်ပါပဲ။ ဆက်လက်ပြီးလည်း တခြားသော အကူအညီလိုအပ်တဲ့ နေရာတွေမှာ ပံ့ပိုးလှူဒါန်းသွားဖို့ စီစဉ်လျက်ရှိပါတယ် ဆိုတဲ့အကြောင်း […]

🩸အမွန်မြတ်ဆုံးသော သွေးလှူဒါန်းမှုမှာ ကုသိုလ်အတူတူပြုခဲ့ကြတဲ့ အမှတ်တရပုံရိပ်များ

    🩸အမွန်မြတ်ဆုံးသော သွေးလှူဒါန်းမှုမှာ ကုသိုလ်အတူတူပြုခဲ့ကြတဲ့ အမှတ်တရပုံရိပ်များ မိမိရဲ့ သွေးတစ်စက်ဟာ တစ်စုံတစ်ယောက်ရဲ့ အသက်ရှင်သန်ခြင်းအတွက် ဘယ်လောက်ထိအရေးပါသလဲဆိုတာကို Retail မိသားစုမှ တန်ဖိုးထားပါတယ်။ ဒီနှစ်မှာလည်း Retail မိသားစုဝင်များဖြစ်ကြတဲ့ (g&g Convenience Store, Capital, Wellington Pharmacy နှင့် Capital လက်ကား) တို့မှ ဝန်ထမ်းများ စုပေါင်းပြီး “အလှူထဲမှာ အမြတ်ဆုံး” ဖြစ်တဲ့ သွေးလှူဒါန်းခြင်း ကုသိုလ်ကို အတူတူပြုခဲ့ကြပါတယ်။ ဒီလို မွန်မြတ်တဲ့လှူဒါန်းမှုမှာ အားဖြည့်ပေးခဲ့တဲ့ Royal-D ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ စေတနာတရားတွေနဲ့ ပြည့်နှက်နေတဲ့ Retail မိသားစုရဲ့ သွေးလှူဒါန်းပွဲ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ သွေးလှူခြင်းရဲ့ပီတိကိုခံစားရင်း အသက်ကယ်သူတွေ ဖြစ်နိုင်ကြပါစေ 🙏 #TheCapitalRetailMyanmar