ဈေးဝယ်သူမိဘပြည်သူများအတွက် နေ့စဉ်သုံး ကုန်စုံပစ္စည်းများအား လွယ်ကူစွာဝယ်ယူနိုင်စေရန် စက်တင်ဘာလ (၁၆) ရက်နေ့မှာ မန္တလေးမြို့မှာ Capital Supermarket ကိုပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ မန္တလေးမြို့သူမြို့သားများအနေဖြင့် စားသောက်ကုန်၊လူသုံးကုန်၊ မီးဖိုချောင်သုံး၊ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ လတ်လတ်ဆတ်ဆတ်အသီးအရွက်အသားငါးများအပြင် ဒေသထွက်ကုန်မျိုးစုံကို စုံလင်စွာဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ထို့အပြင် ဆေးနှင့် ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများအတွက်လည်း Wellington Pharmacy ကိုတွဲဖက်ဖွင့်လှစ်ထားရှိပေးထားသည်။ အိမ်ရှင်မများအတွက် ငွေအကုန်အကျသက်သာစေရန် ကုန်ပစ္စည်းများအား လျှော့ဈေးများဖြင့် ရောင်းချပေးဦးမည်ဖြစ်သည်။ ယခုလအတွင်းဈေးဝယ်သူများအတွက် ကျပ်(၁၀၀၀၀) ဖိုးဝယ်ယူတိုင်း ငွေကျပ် (၁၀၀၀) တန်Gift Vouchers ကိုလက်ဆောင် ပေးသွားမည်ဖြစ်သည်။ Capital မှာဈေးများများဝယ်လေ အကုန်အကျသက်သာလေလေဖြစ်သည်။
ဖုန်းဘေလ်ဖြည့်ခြင်း၊ ဘေလ်ဆောင်ခြင်းများ၊ ဘတ်စ်ကားလက်မှတ်များဝယ်ယူခြင်းနှင့် ဂိမ်းဆိုင်ရာပေးချေခြင်းများအတွက်လည်း E-Services ဝန်ဆောင်မှုများဖြင့်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ငွေသားမရှိပါကလည်း Credit ကတ်များ၊ Debit ကတ်များအပြင် မိုဘိုင်ဖုန်းပေးချေမှုများဖြစ်သည့် Citizens၊ KPay၊ CBPay တို့ဖြင့်လည်းလွယ်ကူစွာပေးချေနိုင်မည်ဖြစ်သည်။အိမ်မှနေပြီးဈေးဝယ်နိုင်မည့် Capital Online ဝန်ဆောင်မှုများဖြစ်သည့် Food Panda, Grab နှင့် Mandalay Door to Door တို့မှလည်း ဈေးဝယ်ယူနိုင်မည်ဖြစ်သည်။ အချိန်ကုန်သက်သာစေမည့် Capital Click & Pick Up နှင့် Home delivery ဝန်ဆောင်မှုတို့ဖြင့် ဈေးဝယ်ယူနိုင်မည်ဖြစ်သည်။ Capital Supermarket Mandalay မှာအခုပဲ ဈေးဝယ်လိုက်ပါ။
Capital Supermarket Mandalay အား The Capital Center ၊ လမ်း(၈၀)၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် နေ့စဉ် မနက် (၉) နာရီမှ ညနေ (၅) နာရီထိ ဖွင့်လှစ်ထားပြီဖြစ်သည်။