Capital Retail Myanmar

ဖေ့စ်ဘုတ်စာမျက်နှာကိုသွားရန်​

Instagram

Instagram စာမျက်နှာကိုသွားရန်​​

ဝန်ထမ်းများ၏အသံများ

ဦးဝေအောင်, DC Supervisor, Capital Retail Myanmar Limited

 

၂၀၁၁ ကနေ စတင်ဝင်ရောက်ခဲ့ကတည်းက လုပ်ငန်းခွင်ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်နိုင်ဖို့ Capital ကအများကြီးသင်ကြားပေးခဲ့ပါပြီ။ Capital က ကျွမ်းကျင်မှုစွမ်းရည် ပါရမီတွေကို ကောင်းကောင်းအသုံးချနိုင်ဖို့ သင်ကြားပေးတဲ့ ကျောင်းတော်ကြီးလိုပါပဲ။ လက်ရှိမှာ ကျွန်တော်က Distribution Center (DC) Manager တစ်ယောက်အနေနဲ့ ကုန်ပစ္စည်းတွေကို စီမံခန့်ခွဲရတာ သက်ဆိုင်ရာဆိုင်တွေကို အချိန်မီရောက်ဖို့ အားထုတ်ရပါတယ်။ အလုပ်တာဝန်က စိန်ခေါ်မှုများစွာရှိပေမဲ့လည်း Capital ရဲ့ စီမံခန့်ခွဲမှုစနစ်ကောင်းမွန်မှု၊ ဝန်ထမ်းတွေကြား အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်မှုတွေကြောင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နေနိုင်တာပဲဖြစ်ပါတယ်။

ဒေါ်နှင်းကြည်ဇာ, Store Manager, Capital Supermarket (NDG1)

 

Capital မှာ (၁၂) နှစ်ကျော်ကြာ ဝန်ထမ်းအဖြစ်ထမ်းဆောင်ခဲ့ပြီးနောက် လက်ရှိမှာတော့ ကျွန်မဟာ Operations Manager ရာထူးအထိ ရောက်ရှိခဲ့ပါပြီ။ စူပါမားကတ်ကြီးတစ်ခုလုံးရဲ့ နေစဉ် လုပ်ငန်းအားလုံးကို စီမံခန့်ခွဲရတာက လွယ်ကူစွာ လုပ်ရတာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အသွေးရှိတဲ့ဝန်ထမ်းတွေ ကောင်းမွန်တဲ့လုပ်ငန်းခွင်တွေက ဒီအလုပ်ကို ကျွန်မချစ်ခင်နှစ်သက်လာဖို့ ဖြစ်လာပါစေတယ်။ ဒါကြောင့်လည်း ကျွန်မ Capital မှာ အကြာကြီးအလုပ်လုပ်နေတာပါ။ ဈေးဝယ်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေတဲ့ ကျွန်မတို့ Capital က မကြာတော့တဲ့ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ အကောင်းမွန်ဆုံး ကုန်တိုက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

ဒေါ်ဇာလီထွန်း, Store Manager, Capital Supermarket (NDG-2)

Capital မှာဝင်ရောက်အလုပ်လုပ်ခဲ့တာ (၁၃) နှစ်ကျော်ပါပြီ။ Assistant Supervisor တစ်ယောက်အနေနဲ့ Capital Hypermarket (YGN) မှာ ခန့်အပ်ခံခဲ့ရတာပါ။ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ၂၀၂၀ မှာတော့ Capital Supermarket North Dagon အတွက် Operations Manager အဖြစ် ရာထူးတိုး လက်ခံရရှိခဲ့ပါတယ်။ Customers တွေအတွက် ဝန်ဆောင်မှုပေးရတာ သူတို့ဈေးဝယ်ရာမှာ ကျေနပ်ပျော်ရွှင်အောင်ဖန်တီးပေးနေရတာကို သဘောကျပါတယ်။ Operations Manager တစ်ယောက်အနေနဲ့ ဝန်ထမ်းငယ်များအပေါ် သင်ပြလမ်းညွှန်မှုတွေ လုပ်ခဲ့ပါတယ်။ ကြိုးစားအားထုတ်မှုရလဒ်တွေကို Capital ကအမြဲထောက်ပံ့ပေးပါတယ်။ ဝန်ထမ်းတွေအပေါ် ထောက်ပံ့ပေးမှု၊ Customers များအပေါ်ထားရှိတဲ့ ထက်သန်သောကြိုးစားအားထုတ်မှုတွေကြောင့် Capital Retail Myanmar အားကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။

Be Part of Our High Performing Team