ကျွန်ပ်တို့အကြောင်း

Capital Retail ၏ရည်မှန်းချက်မှာ ဝင်ငွေနည်းပါးသောဝယ်ယူသူများမှအစ ဈေးဝယ်သူမိဘပြည်သူများအားလုံကို ဝန်ဆောင်မှုပေးနိုင်ရန်ဖြစ်သည်။ ကုန်ပစ္စည်းမျိုးစုံကို ဝန်ဆောင်မှုများနှင့်အတူ ရွေးချယ်ပံ့ပိုးပေးခြင်းအပြင် ဝယ်ယူသူများ၏ ဘဝနေထိုင်မှုအဆင့်မြှင့်တင်နိုင်ရန် ကတိပြုထားသောလုပ်ငန်းဖြစ်သည်။ ကုန်ပစ္စည်းပေးသွင်းသူ Supplier ပေါင်း (၁,၅၀၀) ကျော်နှင့် ကုန်ပစ္စည်းမျိူးပေါင်း (၃၀,၀၀၀)ကျော်တို့အား အတူလက်တွဲ၍ မြန်မာ့အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် အထောက်အကူပြုလျက်ရှိပါသည်။

ယနေ့တွင်ဝန်ထမ်းပေါင်း (၁,၀၀၀)ကျော်ကိုခန့်ထား၍ ရန်ကုန် တွင် Hypermarket (၂) ဆိုင်၊ ရန်ကုန်နှင့် မန္တလေးတွင် Supermarket (၃) ဆိုင် နှင့် ရန်ကုန်မြို့တွင် Express Neighborhood ဆိုင် (၃) ဆိုင်တို့ကိုဖွင့်လှစ်ထားပြီး Neighborhood ဆိုင်များသည် အနီးအနားဝန်းကျင်ရပ်ကွက်နေ ဝယ်ယူသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် 24/7 လုပ်ငန်းလည်ပတ်နေကြသည်။

Capital Retail သည်လာမည့်နှစ်များတွင် မြို့ကြီးများတွင်ပုံစံအမျိုးမျိုးနှင့် စတိုးကွန်ယက်ကိုဆက်၍ တိုးချဲ့သွားမည်ဖြစ်ပြီး မြန်မာပြည်သူများအတွက် ဆန်းသစ်သောထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ လက်လီရောင်းချမှုပုံစံအသစ်များနှင့် ငွေကြေးဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Capital Retail သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ခေတ်မီကုန်သွယ်လက်လီအရောင်းဆိုင်အဖြစ် ကျော်ကြားသောလုပ်ငန်းဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူဦးရေထူထပ်သော မြို့များတွင် ဝယ်ယူသူမိဘပြည်သူများအား ဝန်ဆောင်မှုပေးနေသော စတိုးဆိုင်ကြီးဖြစ်ပါသည်။

CDSG Group မှ ၂၀၀၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး Capital သည် Hypermarket ဆိုင်ကြီးတစ်ခုနှင့်စတင်ခဲ့ပြီး အဆင်မြင့်ပုံစံမျိုးစုံ ခေတ်မီလက်လီအရောင်းဆိုင်များသို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး ပြည်တွင်းပြည်ပထုတ်ကုန်များ၊ အရောင်းမြှင့်တင်မှုများနှင့် ဈေးရောင်းပွဲတော်များမှတစ်ဆင့် မြန်မာအိမ်ထောင်စုများ၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။