Capital ရဲ့ ၁၇ နှစ်ပြည့်အထိမ်းအမှတ် “ချိုတေးသံစဥ်” သီချင်းဆိုပြိုင်ပွဲကြီး

Capital ရဲ့ ၁၇ နှစ်ပြည့်အထိမ်းအမှတ် “ချိုတေးသံစဥ်” သီချင်းဆိုပြိုင်ပွဲကြီး အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ ပြိုင်ပွဲစကတည်းက ပြီးဆုံးသည်ထိပါဝင်ပေးခဲ့ကြတဲ့ ပြိုင်ပွဲဝင်အားလုံးသာမက လာရောက်ကြည့်ရှုအားပေးတဲ့ စျေးဝယ်ချစ်သူတွေကိုပါ အထူးကျေးဇူးတင်ရှိပါတယ်။ ငြိမ့်ညောင်းသာယာတဲ့ တေးသွားသံစဥ်လေးတွေကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုယှဥ်ပြိုင်ရင်း Capital ရဲ့ ရင်ခုန်စရာဆုလက်ဆောင်တွေရသွားတဲ့ Winner တစ်ဦးချင်းစီတိုင်းကိုလဲ Capital က​နေ Congratulations လို့ ​ပြောပါရ​စေ။ Life and Dance အဖွဲ့ရဲ့ Romatic ကကွက်တွေနဲ့အတူ တေးသံရှင် ကိုညီမင်းခိုင်ရဲ့ သီဆိုဖျော်ဖြေမှုတွေကိုလဲ နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်.. ဒါ့အပြင် game အစီအစဥ်လေးတွေမှာလဲ အားတက်သရော ပါဝင်ဆော့ပေးကြတဲ့ သူလေးတွေကိုလဲ အထူးပင်ကျေးဇူးတင်ရှိပါတယ်… ​ဒီပြိုင်ပွဲ​လေးမှာ ဆုမရလိုက်ရ​ပေမယ့် ​နောက်လာမယ့် စိတ်လှုပ်ရှားစရာပြိုင်ပွဲအစီအစဥ်ကောင်းတွေ ထပ်လာဦးမှာဆိုတော့ Capital ပေ့ချ်လေးကို စောင့်ကြည့်နေဖို့တော့ […]

Capital Express မှော်ဘီ Opening

  လိုချင်တာမှန်သမျှ အကုန်အစုံတစ်နေရာတည်း ဝယ်ယူလို့ရတဲ့ Capital ကနေ နောက်ထပ် Express ဆိုင်ခွဲသစ် တစ်ဆိုင် ကို မှော်ဘီမြို့နယ်မှာ ထပ်မံဖွင့်လှစ်ထားပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်.. လစဥ်အထူးပရိုမိုးရှင်းတွေနဲ့အတူ ဈေးဝယ်ထွက်ဖို့အတွက် မှော်ဘီမြို့နယ်က Capital Express ဆိုင်ခွဲသစ်ကို အခုပဲ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…။ Capital Express မှော်ဘီဆိုင်ခွဲလိပ်စာ – အမှတ် ၃၈၃၊ မှော်ဘီမြို့မဈေးရှေ့၊ ပြည်လမ်း၊ ၃ ရပ်ကွက်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ပရိုမိုးရှင်းအစီအစဥ်များအကြောင်း သိရှိဖို့အတွက် Capital ရဲ့ Website – https://capitalretail.com.mm/ Viber – https://bit.ly/3Qm27xi Tiktok – https://bit.ly/3UpYGJk ကို Join ထားလိုက်တော့နော် #TheCapitalRetailMyanmar

Capital Express Shwe Phyi Thar Opening

ရွှေပြည်သာမှာနေထိုင်ကြတဲ့ ချစ်ရတဲ့ဈေးဝယ်သူတွေရဲ့ လိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့ Capital ကနေ ဆိုင်ခွဲအသစ်လေး ဖွင့်လှစ်ပေးလိုက်ပြီနော် အခြေခံစားသောက်ကုန်တွေကစလို့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေနဲ့ အိမ်အတွက်လိုအပ်တဲ့ ပစ္စည်းမျိုးစုံအထိ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်မယ့်အပြင် ဆိုင်သစ်ဖွင့်လှစ်တဲ့အထိမ်းအမှတ်အနေနဲ့လည်း အထူးပရိုမိုးရှင်းများစွာရှိသေးတာမို့ အိမ်အတွက် လိုအပ်တာတွေ ဖြည့်ဆည်းဖို့ အခုပဲအရောက်လာခဲ့လိုက်တော့နော်…။ Capital ရွှေပြည်သာဆိုင်ခွဲလိပ်စာ – အမှတ် (၇၈၉) မြေညီထပ်၊ ဘုရင့်နောင်လမ်း၊ (ည/ ၁၁ ရပ်ကွက်)၊ ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးနှင့် ထန်းခြောက်ပင် လမ်းဆုံအနီး၊ ရန်ကုန်တိုင်းဒေသကြီး။ ပရိုမိုးရှင်းအစီအစဥ်များအကြောင်း သိရှိဖို့အတွက် Capital ရဲ့ Website – https://capitalretail.com.mm/ Viber – https://bit.ly/3Qm27xi Tiktok – https://bit.ly/3UpYGJk ကို Join ထားလိုက်တော့နော် #TheCapitalRetailMyanmar

လိုအပ်နေသူ တို့ဖေးကူ Retail မိသားစုအလှူ

လတ်တလောမှာကြုံတွေ့ခဲ့ရတဲ့ ငလျင်ဘေးမှာ Capital Retail, g&g Convenience Store, Wellington Pharmacy နဲ့ Capital လက်ကား မိသားစုများကနေ ဒုတိယအကြိမ် ထောက်ပံ့ ကူညီမှု အဖြစ် တမ္ပဝတီရပ်ကွက်၊ ချမ်းအေးသာစည်၊ မန္တလေးမြို့မှာရှိတဲ့ ငလျင်ဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၅၀ အတွက် စားသောက်ကုန်များ၊ အိမ်သုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများကို အလှူဒါနပြုပေးခဲ့ပါတယ်။ နောက်ထပ်လည်း လိုအပ်တဲ့နေရာဒေသတွေမှာ ထပ်မံပြီး လှူဒါန်းသွားဖို့ ရှိပါသေးတယ်နော်။ အခုလို လှူဒါန်းနိုင်တယ်ဆိုတာ အစဉ်တစိုက် ဝယ်ယူအားပေးနေကြတဲ့ ချစ်ခင်ရတဲ့ ဈေးဝယ်သူတွေရဲ့ ကုသိုလ်တွေလည်းပါဝင်တာကြောင့် လှူဒါန်းဖြစ်ခဲ့တဲ့ မှတ်တမ်းပုံလေးတွေကို သာဓု သုံးကြိမ်ခေါ်ဆိုနိုင်ရန် တင်ပြပေးလိုက်ရပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး တစ်ယောက်နဲ့တစ်ယောက် လက်တွဲ ဖေးမကူညီကြရင်း သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါရစေ။ ပရိုမိုးရှင်းအစီအစဥ်များအကြောင်း သိရှိဖို့အတွက် Capital […]

လိုအပ်နေသူ တို့ဖေးကူ Retail မိသားစုအလှူ

မကြာသေးမီကာလကဖြစ်ပေါ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ ရွှေချီရပ်ကွက်၊ ပျဉ်းမနားမြို့နယ်က ပြည်သူတွေဆီ တတိယအကြိမ်အဖြစ် Capital Retail, g&g Convenience Store, Wellington Pharmacy နဲ့ Capital လက်ကား မိသားစုများကနေ အိမ်ခြေ ၃၀၀ စာအတွက် စားသောက်ကုန်များ၊ အိမ်သုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများကို အလှူဒါနပြုပေးခဲ့ပါတယ်။ “လိုအပ်နေသူ တို့ဖေးကူ ” ဆိုတဲ့အတိုင်း နောက်ထပ် လိုအပ်တဲ့နေရာ‌ဒေသတွေဆီ ထပ်မံလှူဒါန်းပေးသွားဦးမှာ ဖြစ်ပါတယ်။ ဒီလို လှူဒါန်းနိုင်ခြင်းက အစဥ်အမြဲဝယ်ယူအားပေးတဲ့ ချစ်သောစျေးဝယ်မိတ်ဆွေတို့ကြောင့်သာဖြစ်လို့ ကုသိုလ်ထူးကိုထပ်တူရရှိခံစားနိုင်ဖို့ရာ အလှူမှတ်တမ်းတင်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ မြန်မာပြည်သူအားလုံး တစ်ဦးကိုတစ်ဦး လက်တွဲဖေးမကူညီရင်း သဘာဝဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ပရိုမိုးရှင်းအစီအစဥ်များအကြောင်း သိရှိဖို့အတွက် Capital ရဲ့ Website – https://capitalretail.com.mm/ Viber – […]

ဆီမီးမြိုင်မြိုင် ဆုကြီးပိုင်

ဆီမီးမြိုင်မြိုင် ဆုကြီးပိုင် Capital နှင့် Wellington ဆေးဆိုင်များတွင် ကျပ် ၃ သောင်းဖိုးဝယ်ယူရုံနဲ့ အထူးဆုကြီးဖြစ်တဲ့ iPhone 15 နှင့်အခြားဆုကြီးများ ပိုင်ဆိုင်ခွင့်ရမယ့်အခွင့်အရေးကို ရယူလိုက်ပါ 📣📣📣 iPhone 15 ကို ပိုင်ဆိုင်ဖို့ အလှမ်းမဝေးတော့ဘူး နော်.. အောက်တိုဘာ ၁၆ ရက်ကနေ နိုဝင်ဘာ ၃၀ရက်အတွင်း Capital ဆိုင်ခွဲတိုင်း နဲ့ ဝယ်လင်တန် ဆေးဆိုင်တိုင်းမှာ ကျပ် ၃သောင်းဖိုးနဲ့အထက် ဝယ်ယူမယ်ဆိုရင် ရင်ခုန်စိတ်လှုပ်ရှားစရာ အထူးဆုကြီးအဖြစ် iPhone 15 ဆုကြီးကို ကံစမ်းခွင့်ကူပွန်တစ်စောင် ရမှာဖြစ်ပါတယ် …. ။ 🤩 iPhone 15 အပြင် အခြားဆုကြီးတွေဖြစ်တဲ့ 🎁ပထမဆု ကျပ်၅သိန်းတန်ဖိုးရှိ ဈေးဝယ်ခွင့်ကတ်၊ 🎁ဒုတိယဆု ကျပ်၃သိန်းတန်ဖိုးရှိ ဈေးဝယ်ခွင့်ကတ်၊ […]

မန္တလေးမှာ Capital Supermarket ပြန်လှည်ဖွင့်လှစ်

ဈေးဝယ်သူမိဘပြည်သူများအတွက် နေ့စဉ်သုံး ကုန်စုံပစ္စည်းများအား လွယ်ကူစွာဝယ်ယူနိုင်စေရန် စက်တင်ဘာလ (၁၆) ရက်နေ့မှာ မန္တလေးမြို့မှာ Capital Supermarket ကိုပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ မန္တလေးမြို့သူမြို့သားများအနေဖြင့် စားသောက်ကုန်၊လူသုံးကုန်၊ မီးဖိုချောင်သုံး၊ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ လတ်လတ်ဆတ်ဆတ်အသီးအရွက်အသားငါးများအပြင် ဒေသထွက်ကုန်မျိုးစုံကို စုံလင်စွာဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ထို့အပြင် ဆေးနှင့် ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများအတွက်လည်း Wellington Pharmacy ကိုတွဲဖက်ဖွင့်လှစ်ထားရှိပေးထားသည်။ အိမ်ရှင်မများအတွက် ငွေအကုန်အကျသက်သာစေရန် ကုန်ပစ္စည်းများအား လျှော့ဈေးများဖြင့် ရောင်းချပေးဦးမည်ဖြစ်သည်။ ယခုလအတွင်းဈေးဝယ်သူများအတွက် ကျပ်(၁၀၀၀၀) ဖိုးဝယ်ယူတိုင်း ငွေကျပ် (၁၀၀၀) တန်Gift Vouchers ကိုလက်ဆောင် ပေးသွားမည်ဖြစ်သည်။ Capital မှာဈေးများများဝယ်လေ အကုန်အကျသက်သာလေလေဖြစ်သည်။ ဖုန်းဘေလ်ဖြည့်ခြင်း၊ ဘေလ်ဆောင်ခြင်းများ၊ ဘတ်စ်ကားလက်မှတ်များဝယ်ယူခြင်းနှင့် ဂိမ်းဆိုင်ရာပေးချေခြင်းများအတွက်လည်း E-Services ဝန်ဆောင်မှုများဖြင့်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ငွေသားမရှိပါကလည်း Credit ကတ်များ၊ Debit ကတ်များအပြင် မိုဘိုင်ဖုန်းပေးချေမှုများဖြစ်သည့် Citizens၊ KPay၊ […]

ကိုဗစ်ကာကွယ်ဆေးအတွက် Capital Diamond Star Group မှ ကန်ဒေါ်လာ (၁) သန်းထည့်ဝင်လှူဒါန်း

မြန်မာပြည်သူများအတွက် Capital Diamond Star Group အနေဖြင့် အစဉ်အမြဲ အကောင်းဆုံးကူညီပံ့ပိုးနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ကျွန်ုပ်တို့ သိန္နိဌာန်ချမှတ်ထားသည့်အတိုင်း နိုင်ငံတော်အစိုးရမှ ကုသဆေးများဝယ်ယူရာတွင် အထောက်အပံ့ဖြစ်စေရန် ကိုဗစ်ကုသဆေးရန်ပုံငွေအတွက် Capital Diamond Star Group မှ ကန်ဒေါ်လာ (၁) သန်းထည့်ဝင်လှူဒါန်းခဲ့ပါသည်။ CDSG အနေဖြင့်နောင်တွင်လည်း နိုင်ငံတော်အတွက် ကူညီလှူဒါန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ယခုလက်ရှိလှူဒါန်းမှုမှသည် မြန်မာနိုင်ငံကြုံတွေ့နေရသော ကပ်ရောဂါဆိုးကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ထားပြီး ပိုမိုကောင်းမွန်တဲ့ကာလတစ်ခုသို့ ရောက်ရှိဖို့ မျှော်မှန်းပါသည်

ဈေးဝယ်သူမိဘပြည်သူများအတွက် သတင်းကောင်း၊ Capital Hypermarket မှအိမ်အရောက်ပို့ဆောင်ပေး

“ဟယ်လို” လိုက်တာနဲ့ ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို အိမ်ရှေ့အရောက်ပို့ပေးမယ့် Capital Home Delivery လေး လာပါပြီနော်။ အလုပ်မအားလို့ပဲဖြစ်ဖြစ်၊ အပြင်မထွက်ချင်လို့ပဲဖြစ်ဖြစ် ကိုယ်တိုင်ဈေးဝယ်ဖို့ အဆင်မပြေသူတွေအတွက် Viber ကနေတစ်ဆင့် လိုအပ်တဲ့စားသောက်ကုန်၊ အိမ်သုံးပစ္စည်းအမျိုးမျိုးကို မိမိစိတ်ကြိုက်ရွေးချယ်မှာယူနိုင်ပါပြီ။ သတ်မှတ်မြို့နယ်များဖြစ်တဲ့ တာမွေ၊ သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း နဲ့ သု၀ဏ္ဏမြို့နယ်တို့မှ ကျပ် (၂) သောင်းဖိုးနဲ့အထက် မှာယူမယ်ဆိုရင်တော့ အိမ်အရောက်အခမဲ့ပို့ဆောင်ပေးမှာနော်။ အော်ဒါများကိုတော့ ည (၇) နာရီထိ လက်ခံပေးသွားမှာဖြစ်ပြီး အိမ်အရောက်ငွေချေစနစ်နဲ့ နောက်တစ်နေ့မှာ လိုက်လံပို့ဆောင်ပေးမှာဖြစ်ပါတယ်။ Capital Home Delivery နဲ့မှာယူဖို့ ဆက်သွယ်ရန် Viber နံပါတ်တွေကတော့👇 Capital Hypermarket (ဒေါပုံ)- ☎️ 09984097721 Capital Supermarket ( မန္တလေး)- ☎️ […]

ငွေသားကိုင်စရာမလို ငွေပေးချေမှု

ဈေးဝယ်သူများအား အကောင်းဆုံးဈေးဝယ်အတွေ့အကြုံပေးနိုင်ရန် အမြဲကြိုးစားအားထုတ်လျက်ရှိသည့်အလျောက် ယခု ကပ်ရောဂါဆိုက်ရောက်နေချိန်တွင် တတ်နိုင်သမျှ Physical Contact ကိုလျှော့ချနိုင်ရန်၊ ဈေးဝယ်သူများ သက်တောင့်သက်သာနှင့် လုံခြုံစိတ်ချစွာဝယ်ယူနိုင်ရန် ဒီဂျစ်တယ် (သို့) ငွေသားမလို ငွေပေးချေမှုစနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ မည်သည့် Capital ဆိုင်တိုင်းမှာမဆို ငွေသားယူလာစရာမလိုဘဲ ဈေးဝယ်ထွက်နိုင်ပါပြီ။ Credit Card နှင့် QR Code သုံး E-payment များဖြစ်သော KBZ Pay, CB Pay, MSP နှင့် Citizen တို့ဖြင့် လွယ်ကူလျင်မြန်စွာ ပေးချေနိုင်ပါပြီ။